Login
Sign Up
Contact Us
On 23 April 2018 | Last Updated 3 days 15 hours ago
Read And Download
Find Jobs
Privacy Policy
Mobile App
Read In
Zawgyi Font
|
Myanmar Unicode
ပင်မစာမျက်နှာ
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အာရှ
အမေရိက
ဥရောပ
အာဖရိက
ရုပ်သံသတင်း
အားကစား
ဆောင်းပါး
ကျန်းမာရေး
ဖျော်ဖြေရေး
သိပ္ပံနှင့်နည်းပညာ
အထွေထွေ
ထူးခြားထွေလာသိချင်စရာ
ပြောကိုမပြောချင်ဘူး
မေးမယ်၊ပြောမယ်
အင်တာဗျူး
စီးပွားရေး ၊ လူမှုရေး
ဗေဒင်
နိုင်ငံတကာသတင်း
FIRST
PREV
1
2
3
4
5
6
7
8
9
10
11
12
13
14
15
NEXT
LAST
နောက်ဆုံးရသတင်း
ချောင်းအတွင်း ရေနစ်သေဆုံး
သုံးခွမြို့နယ်၊ ရဲနွဲ့ကျေးရွာ ချောင်းအတွင်း ယင်းကျေးရွာနေ ရေလုပ်သား ဦး…..မှာ ရေနစ်သေဆုံးနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းများအရ သိရသည်။ ၎င်းသည် အရက်အလွန်အကျွံ သောက်စားသူ ဖြစ်၍ အာရုံကြော အားနည်းသူ တစ်ဦးဖြစ်ကာ သြဂုတ်လ (၃၀) ရက်နေ့က ချောင်းအတွင်း ပိုက်ချရန် ထွက်သွားရာမှ နေအိမ်သို့ ပြန်မလာ၍ ဇနီးနှင့် ဦးလေးတော်စပ်သူက လိုက်လံရှာဖွေရာ ချောင်းအတွင်း အောက်ပိုင်း အ၀တ်အစားမပါဘဲ အရှေ့အရပ်သို့ ခေါင်းပြုလျက် သေဆုံးနေကြောင်း၊ အလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာ မတွေ့ရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ်မျိုးမြင့်သူက တရားလိုပြုလုပ် တိုင်တန်းပြီး သေမှုသေခင်းအမှတ်စဉ် (၁၇/၁၅)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
read more »
« hide
အပစ်အခတ် ရပ်စဲရေး (NCA) လက်မှတ်ထိုးမည်
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA အား လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း KNU (ကရင် အမျိုးသား အစည်းအရုံး)၊ DKBA (ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်)၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)တို့မှ ယမန်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
read more »
« hide
အရက်ကြောင်ပြီး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေ
အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး အရက်ကြောင် ကြောင်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ(၂)ရက်နေ့က အင်းစိန်မြို့နယ်၊ ကမ်းနား အနောက်ရပ်ကွက်နေ ဦးအောင်မျိုးလတ်(၃၉)နှစ်သည် အရက်ကြောင် ကြောင်၍ နေအိမ်တွင် အမြင့်ရှစ်ပေရှိ ထုပ်လျောက်တန်း၌ အရှည်ငါးပေ၊ လုံးပတ် တစ်မတ်လုံးရှိ နိုင်လွန်ကြိုးအား လည်ပင်းတွင် စွပ်၍ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အင်းစိန်မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၆၀/၁၅) ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။
read more »
« hide
ဆင်ဆာမဲ့ ဗွီဒီယိုအခွေများ ဖမ်းဆီးရမိ
ကျောက်ဆည် မြို့နယ်တွင် ဆင်ဆာမဲ့ ဗွီဒီယိုအခွေများ ဖမ်းဆီးရမိခဲ့သည်။ ယခုလ (၁)ရက်နေ့တွင် တရားမ၀င် ဆင်ဆာမဲ့ ဗွီဒီယို ခိုးကူးခွေများ ကူးယူငှားရမ်း ဖြန့်ချိနေကြောင်း သတင်းအရ ကျောက်ဆည်မြို့နယ်၊ သံရွာဈေးတန်းရပ်နေ ထွန်းထွန်းဝင်း (၂၄)နှစ်၏ ဒီဇင်ဘာ ဓာတ်ပုံနှင့် ဗွီဒီယို ရိုက်ကူးရေး ဆိုင်ခန်းသို့ ၀င်ရောက် စစ်ဆေးရာ ဆင်ဆာမဲ့ မြန်မာဇာတ်ကား (၁၅)ခွေ၊ မြန်မာသီချင်းခွေ (၁၅၀)ခွေ၊ မြန်မာလက်ဝှေ့ခွေ (၁၀)ခွေ၊ မြန်မာ့ အငြိမ့်ခွေ (၂၅)ခွေ၊ နိုင်ငံခြား ဇာတ်လမ်းခွေ (၁၇၄)ခွေ၊ ဒီဗီဒီခွေလွတ် (၅၅)ချပ်၊ SAMSUNG အမျိုးအစား အခွေကူးစက် တစ်လုံး တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ အဆိုပါအမှုနှင့် ပတ်သက်၍ ထွန်းထွန်း ၀င်းအား နယ်မြေစခန်း(သံရွာ)(ပ) ၁၀၈/၂၀၁၅၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယို ဥပဒေပုဒ်မ ၃၆/၃၂(က)/၃၂(ခ) အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။
read more »
« hide
ပဲကောက်သွားရာမှ ခိုးယူပေါင်းသင်းခံရ
ရမည်းသင်း မြို့နယ်တွင် ပဲတီစိမ်း ကောက်ရန်သွားရာမှ ခိုးယူပေါင်းသင်း ခံခဲ့သည်။ ယခုလ ၂၁ရက် နေ့တွင် မ……(၁၄) နှစ်သည် ၎င်းနေအိမ်အနီးရှိ ဦးအောင်လွင်၏ ယာကွက်သို့ ပဲတီစိမ်းကောက်ရန် သွားရာမှ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် မိဘများက လိုက်လံစုံစမ်းရာ မောင်…..(၂၃)နှစ်မှ ခိုးယူ ပေါင်းသင်းနေကြောင်း သိရသည်။ ယခုလ ၂၃ ရက်နေ့တွင် မြို့မစခန်း (ရမည်းသင်း)မှ(ပ) ၁၆၆/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၆၃/၃၆၆ အရအမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိသည်။
read more »
« hide
အင်းလုပ်သား အသက်ရှုကြပ်၍ သေဆုံး
ရမည်းသင်းမြို့နယ်တွင် အင်းလုပ်သား တစ်ဦး အသက်ရှုကြပ်၍ သေဆုံးခဲ့သည်။ ယခုလ (၁၉)ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ရမည်းသင်းမြို့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ အင်းလုပ်သား ကျော်ဝင်းနိုင် (၃၅)နှစ်သည် ရဲညီနောင် လုပ်ကွက်ရှိ အင်းအတွင်းမှ ပြန်ထွက် လာစဉ် အသက်ရှုကြပ်ကြောင်း ပြောသဖြင့် ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။ အဆိုပါ အမှုနှင့် ပတ်သက်၍ မြို့မစခန်း (ရမည်းသင်း) သေမှုသေခင်း အမှတ်စဉ် ၂၄/၂ ၀၁၅ ဖြင့် ရေးဖွင့် စစ်ဆေးလျက် ရှိသည်။
read more »
« hide
တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မြန်မာလုပ်ငန်းရှင်များ သွားရောက်မည်
(၁၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ သွားရောက် ပြသမည်ဖြစ်သည်။အဆိုပါပြပွဲသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပ ပြုလုပ် မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ပြပွဲ အစီအစဉ်အတွက် အစည်းအဝေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနနှင့် UMFCCI တို့က ဇူလိုင်လ(၁၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး၊ မဲစနစ်ဖြင့် ပြသမည့် အခန်းများကို ချထား ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ အသင်းမှ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။မန္တလေးတိုင်း ဒေသကြီးမှ သွားရောက်ပြသသည့် ကုမ္ပဏီ (၁၀)ခု စာရင်း ပေးသွင်းထားသည်။
read more »
« hide
Loading......
FIRST
PREV
1
2
3
NEXT
END